Content by Clicker

“ကျန်းမာခြင်းသည် လာဘ်ကြီးတပါး” “Healthy is Welthy ” ဆိုပြီး ကျွန်မတို့အားလုံး လက်ခံထားကြတယ် မဟုတ်လားရှင်။ကျန်းမာနေမှ ကျွန်မတို့ရဲ့ နေ့စဥ်တာ၀န်တွေကို အောင်မြင်အောင်လုပ်ဆောင်နိုင်မယ် မဟုတ်လား။

ဟုတ်ကဲ့ပါ ခုဆိုရင် “နာနတ်ချိန်ခါ” လေးကို ရောက်ရှိလို့လာပြီဖြစ်ပါတယ်နော်။နာနတ်သီးလေးတွေရဲ့ ရာသီရောက်လာပြီဖြစ်လို့ သူ့ရဲ့အကျိုးကျေးဇူးတွေအကြောင်း မိတ်ဆက်ပေးပါရစေ။

အာဟာရပြည့်၀စွာပါ၀င်တဲ့ နာနတ်သီးဟာ အစာချေဖျက်မှုကို ကူညီပေးနိူင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိူင်ပါတယ်ရှင်။Vitamin C နဲ့ အမျှင်ဓာတ်ကြွယ်၀စွာ ပါ၀င်နေတဲ့တွက်ကြောင့်ပေါ့။နောက်ပြီး ဆံပင်၊အရေပြားနဲ့ အရိုးအတွက်လည်း များစွာကောင်းကျိုးပြုပါတယ်။နာနတ်သီးမှာ ပါ၀င်တဲ့ Vitamin C က အစာချေဖျက်မှုကို ကူညီပေးရုံသာမက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး မျက်လုံးကျန်းမာရေးတွက်လည်း များစွာအထောက်အကူပြုပါတယ်ရှင်။ထို့ပြင် သွားဖုံးရောင်ခြင်းကိုလည်း ကာကွယ်ပေးပြီး သွားဖုံးရောဂါအမျိုးမျိုးကို မဖြစ်ပေါ်စေရန် ဟန့်တားပေးပါသေးတယ်။နာနတ်သီးမှာ Vitamin C ကြွယ်၀တာကြောင့် နှလုံးသွေးကြောပိတ်ခြင်း၊နှလုံးသွေးကြောထုံးခြင်းကို ကင်းဝေးစေပြီး သွေးကျဲစေပါတယ်ရှင်။

ချိုချဥ်အရသာလေးနဲ့ စားလို့ကောင်းတဲ့ နာနတ်သီးက ဆီးချိုရောဂါ၊နှလုံးရောဂါ၊သွေးတိုးရောဂါနဲ့ ကင်ဆာရောဂါလိုမျိုး နာတာရှည်ရောဂါတွေကိုလည်း ကာကွယ်ပေးပါသေးတယ်ရှင်။ဖျော်ရည်လေးပဲ ဖျော်သောက်သောက်၊အသားလေးကိုပဲစားစား ကျန်းမာရေးတွက်၊အလှအပတွက် များစွာကောင်းမွန်တဲ့ နာနတ်သီးလေးရဲ့ကျန်သေးတဲ့ ကောင်းကျိုးတွေကို ဆက်လက်တင်ပြပါရစေရှင်။

နာနတ်သီးကို နေ့စဥ်ပုံမှန်လေး စားသောက်ပေးခြင်းဖြင့် သွေးပေါင်ချိန်ကို သဘာ၀နည်းနဲ့ ထိန်းသိမ်းနိူင်ပါသတဲ့ရှင်။နောက်ပြီး အသားအရည် ၀င်း၀ါစိုပြေခြင်း၊၀မ်းမှန်ခြင်း၊ဆံသားနူးညံ့ပျော့​ပျောင်းခြင်း စတဲ့အကျိုးကျေးဇူးတွေလည်း ရရှိဦးမှာဖြစ်ပါတယ်။နာနတ်သီးမှာပါ၀င်တဲ့ Bromelain လို့ခေါ်တဲ့ အင်ဇိုင်းက အူမကြီးကင်ဆာဖြစ်နိူင်ချေနဲ့ ရင်သားကင်ဆာဆဲတွေ ကြီးထွားမှုက်ို လျှော့ချပေးနိူင်ပါတယ်။Mangenese လို့ခေါ်တဲ့ဓာတ်တမျိုးကတော့ ဇီ၀ဖြစ်ပျက်မှုကို ကောင်းမွန်စွာ ထိန်းသိမ်းပေးပါတယ်။အရိုးများကိုလည်း သန်မာစေပါတယ်။အရိုးနဲ့ဆက်စပ်တဲ့ အရွတ်၊အကြောနဲ့ တစ်ရှူးတို့ကိုလည်း ကြံ့ခိုင်သန်မာစေပါတယ်။

ကိုယ်၀န်ဆောင်မေမေတွေတွက်လည်း နာနတ်သီးစားသုံးပေးခြင်းဟာ များစွာအကျိုးရှိစေပါတယ်။Vitamin B6 ပါ၀င်မှုကြောင့် ကိုယ်၀န်ဆောင်နေစဥ်အတွင်း သွေးအားနည်းခြင်း၊ပျို့အန်ခြင်း၊ ဖျားနာခြင်းတွေ မဖြစ်အောင် ကာကွယ်တားဆီးပေးပါတယ်ရှင်။Copper ဓာတ် 19 % ပါ၀င်တာကြောင့် ကလေးရဲ့ သွေးနီဥဆဲတွေ ဖွံ့ဖြိုးစေဖို့ ကူညီပေးနိုင်သလို နှလုံးကျန်းမာရေးတွက်လည်း များစွာအထောက်အကူပြုပါတယ်။Folate Acid 11 % ပါ၀င်တာကြောင့် ကလေးမှာ မွေးရာပါ ချို့ယွင်းချက်မျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။

မေမေတွေအနေနဲ့ တခုသတိပြုရမှာကတော့ ကိုယ်၀န်ဆောင်ကာလ ပထမသုံးလပတ်အတွင်း နာနတ်သီးကို လုံး၀မစားဖို့ပါရှင်။ဒုတိယ သုံးလပတ်မှာတော့ တခါစားရင် 50 grams ကနေ 100 grams လောက်ကို
တပက် ၂ကြိမ်ကနေ ၃ကြိမ်ထိ စားပေးလို့ရပါတယ်နော်။တတိယသုံးလပတ်ကိုရောက်ပြီဆိုရင်တော့ 250 grams ထိစားလို့ရပါတယ်ရှင်။နာနတ်သီးက အမှည့်လွန်နေတာမျိုး မဖြစ်ဖို့တော့ သတိပြုပေးရပါမယ်။

နာနတ်သီးကို ဖရဲသီး၊ပန်းသီး တို့နဲ့တွဲဖက်ပြီးလည်း စားသုံးနိူင်ပါတယ်။ထိုသို့စားသုံးပေးခြင်းဖြင့် ကျောက်ကပ်နဲ့ သည်းခြေတို့ကို အားကောင်းစေပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ မလိုအပ်တဲ့ အငန်ဓာတ်တွေကိုလည်း ရှင်းလင်းဖယ်ရှားပေးပါတယ်။ပရိတ်သတ်တွေအနေနဲ့ တခုသတိပြုရမှာကတော့ နာနတ်သီးကို နွားနို့နဲ့ တွဲဖက်ပြီး မစားမိဖို့ပါပဲနော်။နာနတ်သီးမှာပါ၀င်တဲ့ Bromelain ဓာတ်က နွားနို့နဲ့မတည့်တာကြောင့် ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်း၊၀မ်းလျှောခြင်းနဲ့ အစာအိမ်နာခြင်းတို့ကို ဖြစ်စေတတ်တာကြောင့် အထူးသတိပြု ရှောင်ရှားတတ်ဖို့ အသိပေးပါရစေ။

အသားအရည်နဲ့ ဆံသားကျန်းမာရေးတွက်လည်း များစွာကောင်းကျိုးပြုတဲ့ နာနတ်သီးကို နေ့စဥ်ပုံမှန်လေးစားသုံးပေးဖို့ တိုက်တွန်းပါရစေရှင်။

Vitamin C နဲ့ အန်တီအောက်ဆီးဒန့် တွေပါ၀င်တဲ့ နာနတ်သီးကို ပုံမှန်မှီ၀ဲခြင်းဖြင့် အသားအရည်မညီမညာဖြစ်ခြင်းတွေ၊တင်းထိပ်နဲ့ ၀က်ခြံထွက်တာတွေကို သက်သာစေပါတယ်။အမျိုးသမီးများ ဓမ္မတာလာစဥ် ကိုက်ခဲနာကျင်ခြင်းကို သက်သာစေပြီး သွေးလည်ပတ်မှုကိုလည်း များစွာကောင်းမွန်စေပါတယ်။ကြွက်သားနာကျင်ခြင်း၊ရောင်ရမ်းခြင်းတို့ကိုလည်း ထိရောက်စွာ သက်သာစေပါတယ်။နာနတ်သီးအူတိုင်ကို ပျားရည်နဲ့တို့ပြီးကျွေးမယ်ဆိုပါက ကလေးများကို သန်ကျစေနိူင်ပါတယ်။အသားရည်လှပဖို့တွက်ဆို နာနတ်သီးချပ်လေးတွေကို မျက်နှာအစက်အပြောက်တွေပေါ် ဖြည်းဖြည်းညင်ညင်လေး ပွတ်လိမ်းပေးပါ။ငါးမိနစ် ခြောက်မိနစ်လောက်နေပြီးရင်တော့ ရေဆေးချနိူင်ပါပြီရှင်။ကျန်းမာပြီး အာဟာရပြည့်၀တဲ့ မျက်နှာအသားရည်မျိုး ပိုင်ဆိုင်ချင်တယ်ဆို ပုံမှန်လေးလုပ်ပေးဖို့ မမေ့ပါနဲ့နော်။

Vitamin C ကြွယ်၀စွာ ပါ၀င်တဲ့ နာနတ်သီးဟာ ဆံကေသာတွက်လည်း များစွာအထောက်အကူပြုပါတယ်ရှင်။အန်တီအောက်ဆီးဒန့် ပါ၀င်တာကြောင့် ဆံပင်ကျွတ်ခြင်း၊ဦးရေပြားယားယံခြင်းကိုလည်း ကာကွယ်ပေးတဲ့အပြင် ဆံသားလေးကိုလည်း ဖယောင်းသားလေးလို ပျော့ပျောင်းနေစေပါတယ်ရှင်။

နာနတ်သီးကို ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လူမျိုးတိုင်း မတူညီတဲ့ ပုံစံတွေနဲ့ စားသုံးကြပါတယ်။နာနတ်ဖျော်ရည်၊နာနာတ်ယို၊နာနတ်သီးသကြားလုံး၊နာနတ်သီးပီကေ စသဖြင့်ပေါ့ရှင်။အာရှနိူင်ငံတွေမှာဆို နာနတ်သီးကို အမဲသားနဲ့ ချက်ပြီးလည်း စားသုံးကြတာကို လေ့လာတွေ့ရှိရပါတယ်။ရင်ကိုအေးမြစေပြီး ရေငတ်ပြေစေတဲ့ နာနတ်သီးရဲ့ အကျိုးပြုပုံတချို့ကို သိရှိလိုက်ရတဲ့တွက် ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။နာနတ်သီးကို ကိုယ်ကြိုက်နှစ်သက်တဲ့ပုံစံနဲ့ နေ့စဥ်ပုံမှန်စားသုံးပေးဖို့ မမေ့ပါနဲ့နော်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

Leave a comment

Design a site like this with WordPress.com
Get started